(UNI)
မသန်စွမ်းမှု၊ မသန်စွမ်းသူနှင့် ထောက်ပံမှုစံနစ်
လူတစ်ယောက်ရဲ့ မွေးရာပါ လူ့ဂုဏ်သိက္ခာ ဘယ်လိုအချိန်မျိုးမှာ ဆုံးရှုံးတယ် ပြောမလဲ။ လူ့ဂုဏ်သိက္ခာ ပြည့်ဝစွာဖြင့် အသက်ရှင်ခွင့် မရဘူးလို့ ဘယ်လိုအခြေအနေမှာ သိလဲ။ ကို့ကိုယ်ကို လူ့ဂုဏ်သိက္ခာ မပြည့်ဝဘူးလို့ဖြစ်စေတဲ့အကြောင်းအရာဟာဘာလဲ။
အဲ့ဒီမေးခွန်းတွေ ဖြေမယ်ဆိုရင် လူအယောက်စီတိုင်းမှာ အဖြေမျိုးစုံ ရှိကြမယ် ထင်ပါတယ်။ ဒါပေမဲ့ တန်းတူညီတူ ဆက်ဆံမခံရခြင်း၊ သာတူညီမျှ အခွင့်အရေး မရရှိခြင်း ဆိုတာကတော့ လူတိုင်း နည်းပါး မခံစားနိုင်တဲ့ ကိုယ့်မွေးရာပါ ဂုဏ်သိက္ခာကို ထိခိုက်စေတဲ့ အကြီးမားဆုံးအချက်လို့ဆိုရင် မှားမယ် မထင်ပါဘူး။ ဘယ်လူမျိုး ဘယ်အုပ်စုမှ ကိုယ့်ကို နှိမ့်ချဆက်ဆံတာကို ရေရှည် မခံနိုင်ပါဘူး။ လက်နက်ဆွဲကိုင် ဆန့်ကျင်ကြရတဲ့ အဓိက အကြောင်းရင်းဟာလဲ ခွဲခြားနိမ့်ချ ဆက်ဆံမှု (ဝါ) မတရားမှုကြောင့် ဖြစ်ရတယ် ဆိုတာ လက်တွေ့ ဖြစ်စဉ်တွေအရ မြင်တွေ့နေရပါတယ်။ ယခု ၂၁ ရာစု ပင်လုံ ငြိမ်းချမ်းရေး ညီလာခံ ဟာလဲ အဲ့လို မညီမျှမှုတွေကြောင့် သွေးကွဲ သင်းကွဲ နေကြတာတွေကို ပြန်လည်စုစီးဖို့ ဘယ်လိုညီမျှမှုတွေ ဖော်ဆောင်မလဲဆိုတာ စဉ်းစားတဲ့ ညှိနှိုင်းဆွေးနွေးပွဲ တစ်ခုလို့ ပြောရင် မှားမယ် မထင်ပါ။
ဒီလိုအခြေအနေမျိုးမှာ အစိုးရရဲ့ မူဝါဒတစ်ရပ်ရပ် (သို့) အစီအစဉ်တစ်ခုခုဟာ တန်းတူညီမျှမှုကို မဖြစ်စေပဲ လူမျိုးတစ်မျိုးမျိုး၊ အုပ်စုတစ်စုစုကို နှိမ့်ချခွဲခြားမှုမျိုး မဖြစ်စေဖို့ အလွန်အရေးကြီးပါတယ်။ မသန်စွမ်းသူများကို နိုင်ငံတော်မှ လစဉ်ထောက်ပံ့စားရိတ်ပေးသွားမည် ဆိုတဲ့ သတင်းထွက်ပေါ်လာချိန်မှာ မသန်စွမ်းမဟုတ်သူ လူတိုင်းနည်းပါး မကျေနပ်စရာ မရှိဘဲ လက်ခံကြိုဆိုမှာ ဖြစ်သလို မသန်စွမ်းသူ အများစုဟာလဲ ကျေနပ်ဝမ်းသာ နေကြမှာ သေချာပါတယ်။ ယေဘူယအားဖြင့်လဲ လူမှုလိုအပ်မှုကို နိုင်ငံတော်က ဖြည့်စည်းပေးတယ်လို့ မြင်နိုင်စရာ ရှိပြီး လူ့အခွင့်အရေး ထိန်းသိမ်းစောင့်ရှောက်မှု တစ်ရပ်အဖြစ် တွေ့မြင်နိုင်စရာ ရှိပါတယ်။ ဒီနေရာမှာ အရေးကြီးသွားတာက မသန်စွမ်းသူနဲ့ မသန်စွမ်းမှုဆိုတာကို နိုင်ငံတော် အဆင့်ဘယ်လို သတ်မှတ် နားလည်ကြမှာလဲ။ နိုင်ငံတော်ရဲ့ မသန်စွမ်းသူတွေအပေါ် အခုလို့ ထောက်ပံ့မှုပေးခြင်းအရာက မသန်စွမ်းသူတွေရဲ့ မွေးရာပါ လူ့ဂုဏ်သိက္ခာကို ထိန်းသိမ်းပေးသော အရာဖြစ်စေသလား (သို့) တန်းတူညီမျှမှုကို ဖော်ဆောင်ပေးသလား (သို့) မသန်စွမ်းမှု ရှိနေသူတိုင်းကို အထောက်ပံ့ခံလူတန်းစား တစ်ရပ်အဖြစ် ပုံဖော်သတ်မှတ် ပေးလိုက်တာလားဆိုတာ သေချာ စဉ်းစား ရှုမြင်ဖို့ လိုအပ်ပါသည်။ ထပ်ဆင့် သတိပြုရမှာ ထောက်ပံ့မှု လိုအပ်သူဆိုတဲ့ အဓိပ္ပါယ် ဖွင့်ဆိုချက် ဖြစ်ပါတယ်။
မသန်စွမ်းသူနဲ့ မသန်စွမ်းမှုကို သတ်မှတ်တာကတော့ မြန်မာနိုင်ငံတော်မှ လက်မှတ်ရေးထိုးအတည်ပြုထားတဲ့ ကုလသမဂ အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများ အခွင့်အရေးဆိုင်ရာ သဘောတူစာချုပ် လိုအပ်ချက်အရ ထွက်ပေါ်ပြဌာန်းထားတဲ့ မြန်မာနိုင်ငံ မသန်စွမ်းသူများ ကာကွယ်စောင့်ရှောက်ရေးဥပဒေ အရသော် လည်းကောင်း တူညီစွာ အတည်ပြု သတ်မှတ်ထားပြီး ဖြစ်ပါတယ်။
အခန်း (၁)(က) မသန်စွမ်းသူ ဆိုသည်မှာ မွေးရာပါ ဟုတ်သည်ဖြစ်စေ၊ မဟုတ်သည်ဖြစ်စေ ကိုယ်ကာယ၊ အမြင်၊ အပြော၊ အကြား၊ အသိဉာဏ်၊ စိတ်ပိုင်း၊ ဉာဏ်ရည် ဉာဏ်သွေးပိုင်း အာရုံခံစားမှု ပိုင်းဆိုင်ရာတစ်ခု သို့မဟုတ် တစ်ခုထက်ပို၍ ချို့ယွင်းအားနည်းချက်များကို ရေရှည် ခံစားနေရသူကို ဆိုသည်။
အခန်း (၂)(ခ) မသန်စွမ်းမှုဆိုသည်မှာ ပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထား အမြင်ပိုင်းဆိုင်ရာနှင့် အခြားအတားအဆီးများကြောင့် လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝ ပါဝင်လှုပ်ရှားနိုင်မှု မရှိခြင်းကို ဆိုသည်။
အဆိုပါ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ မသန်စွမ်းမှုရှိခြင်းဆိုသည်မှာ လူ့အဖွဲ့အစည်းအတွင်း အပြည့်အဝပါဝင်လှုပ်ရှားနိုင်မှု မရှိခြင်းကို ဆိုလိုခြင်းဖြစ်သည်။
လူမှုအသိုင်းအဝိုင်းအတွင်းရှိ အတားအဆီး အဟန့်အတား + ခနာကိုယ်ချို့ယွင်းအားနည်းမှု = မသန်စွမ်းမှု (အပြည့်အဝ ပါဝင်လှုပ်ရှားမှု မရှိခြင်း)
အထက်ပါ အဓိပ္ပါယ်ဖွင့်ဆိုချက်အရ မသန်စွမ်းသူများရဲ့ အခွင့်အရေထိန်းသိမ်းစောင့်ရှောက်ခြင်း(သို့)မသန်စွမ်းသူများရဲ့ လူ့ဂုဏ်သိက္ခာ ထိန်းသိမ်းစောင့်ရှောက်ခြင်းဆိုသည်မှာ မသန်စွမ်းသူများ နိုင်ငံအတွင်း သန်စွမ်းသူနိုင်ငံသားများနှင့်တန်းတူ အပြည့်အဝ လှုပ်ရှားနိုင်မှုရှိစေရန် နိုင်ငံအတွင်းရှိ ပတ်ဝန်းကျင်ရုပ်ပိုင်းဆိုင်ရာ၊ စိတ်သဘောထားအမြင်ပိုင်းဆိုင်ရာနှင့် အခြားအတားအဆီးများကို နိုင်ငံတော်မှ တက်နိုင်သလောက် နည်းစေရန်နှင့် လုံးဝမရှိတော့စေရန် ဖယ်ရှားပေးခြင်း ဖြစ်ပါတယ်။
ထို့အတူ ထောက်ပံ့ပေးရန်လိုအပ်သောသူများကို နားလည်နိုင်စေရန်မှာ မြန်မာနိုင်ငံမှ သဘောတူထားသော အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေငြာစာတမ်းအရ သိရှိနားလည်နိုင်ပါသည်။
အပိုဒ် (၂၅)(၁) လူတိုင်းတွင် မိမိနှင့်တကွ မိမိ၏မိသားစု ကျန်းမာရေးနှင့်တကွ ကိုယ်စိတ်နှစ်ဖြာ အေးချမ်းစွာ နေထိုင်နိုင်ရေးအတွက် အစာအဟာရ၊ အဝတ်အထည်နေအိမ်၊ ဆေးဝါးအကူအညီနှင့် လိုအပ်သည့် လူမှု အထောက်အပံ့များ ပါဝင်သော သင့်တော်လျှောက်ပတ်သည့် လူမှုအဆင့်အတန်းကို ရယူခံစားခွင့်ရှိသည်။ ထို့ပြင် အလုပ်လက်မဲ့ဖြစ်သော အခါတွင်သော်လည်းကောင်း၊ ကိုယ်အင်္ဂါ မစွမ်းမသန်ဖြစ်သောအခါတွင် သော်လည်းကောင်း၊ မုဆိုးမဖြစ်သောအခါတွင် သော်လည်းကောင်း၊ အသက်အရွယ်အိုမင်းသော အခါတွင် သော်လည်းကောင်း၊ မိမိကိုယ်တိုင်က မတတ်နိုင်သော အကြောင်းကြောင့် ဝမ်းစာ ရှာမှီးနိုင်သော နည်းလမ်းမရှိသောအခါတွင် သော်လည်းကောင်း၊ နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိသည်။
အပိုဒ် ၂၅ (၂) သားသည် မိခင်များနျှင့် ကလေးများသည် အထူးစောင့်ရှောက်ခြင်းနှင့် အကူအညီပေးခြင်းကို ရခွင့်ရှိသည်။ ဥပဒေအရ ထိမ်းမြားခြင်းဖြင့်ဖြစ်စေ အခြားနည်းဖြင့်ဖြစ်စေ မွေးဖွားသော ကလေးအားလုံးသည် တူညီသော လူမှု ကာကွယ်စောင့်ရှောက်ရေးကို ရယူခံစားကြရမည်။
အဆိုပါ လူ့အခွင့်အရေး ကြေငြာစာတမ်းအရ မသန်စွမ်းသူများ (မစွမ်းမသန်ဖြစ်ပြီး) ကိုယ်တိုင်ဝမ်းစာ ရှာမှီးနိုင်သော နည်းလမ်းမရှိသောအခါ နေထိုင်စားသောက်ရေးအတွက် လုံခြုံစိတ်ချရမှု အခွင့်အရေးရှိရမည်ဖြစ်သလို မသန်စွမ်းမှ မဟုတ် ကလေးအားလုံး တူညီသော လူမှုကာကွယ်စောင့်ရှောက်ရေးကို ခံစားနိုင်စေရန် နိုင်ငံတော်မှ ဆောင်ရွက်ပေးရမည် ဖြစ်သည်။ ဆိုလိုသည်မှာ မသန်စွမ်းကလေးမှ မဟုတ် မြန်မာနိုင်ငံသား ကလေးများအားလုံး တူညီသောလူမှုကာကွယ်စောင့်ရှောက်ရေး ပြုလုပ်ပေးရန် ဖြစ်သည်။ ထို့အတူ အလုပ်အကိုင်လုပ်ကိုင်နိုင်သော အရွယ် မသန်စွမ်းသူများကိုလည်း တန်းတူ အလုပ်အကိုင် အခွင့်အလမ်းများ ဖော်ဆောင်ပေးရန်နှင့် လုပ်ကိုင်ခွင့်ရှိစေရန် ဖန်တီးပေးရန် နိုင်ငံတော်တွင် ဦးစားပေး တာဝန်ရှိသည်မှာ ထင်ရှားပါသည်။ (မစွမ်းမသန်ဖြစ်ပြီး) မလုပ်ကိုင်နိုင်တော့မှသာ နေထိုင်စားသောက်ရေးအတွက် လုံ့ခြုံစိတ်ချရမှု အခွင့်အရေး ရရှိစေရန် ဖော်ဆောင်ပေးရန် ဖြစ်ပါသည်။
ယခု နိုင်ငံတော်မှ မသန်စွမ်း မှတ်ပုံတင်ထားသူ မသန်စွမ်းသူများအားလုံးအား နိုင်ငံတော်မှ အသက်အရွယ် အပိုင်းအခြားအလိုက် (မွေးစမှ ၆၄ နှစ်ထိ) လစဉ် ငွေကြေး (၁၆ဝဝဝ ကျပ်မှ ၃ဝဝဝဝ ကျပ်) ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်ခြင်းမှာ ကမ္ဘာအဆင်းရဲဆုံးစာရင်းဝင် နိုင်ငံတစ်နိုင်ငံအနေဖြင့် ဦးစားပေး လုပ်ဆောင်သင့်သော ထောက်ပံ့မှု စံနစ်တစ်ခု မဟုတ်ကြောင်း သုံးသပ်မိပါသည်။
၂ဝ၁၄ ခုနှစ် သန်းခေါင်စာရင်း စစ်တမ်းအရ မြန်မာနိုင်ငံ လူဦးရေ၏ ၄.၆ %မှာ မသန်စွမ်းသူများဖြစ်ပြီး ၂ဝ၁၉ ခုနှစ် SPPRG ၏ သုံးသပ်ချက်အရ ၈ဝ% သော မသန်စွမ်းသူများမှာ အလုပ်လက်မဲ့ဖြစ်ကြပြီး မသန်စွမ်းသူ ၅ဝ%မှာ ကျောင်းမနေဘူးသူများဖြစ်ကြပါသည်။
– ထိုသို့သော အခြေအနေတွင် ၂.၄ သန်းခန့် ရှိသော မသန်စွမ်းသူများကို လစဉ်ထောက်ပံ့ရန်ငွေကြေး သန်းပေါင်း ၃၈၄ဝဝ ကျပ် ခန့် ကုန်ကျမည်ဟု ခန့်မှန်းရပါသည်။ တစ်နှစ်အတွက် ထောက်ပံ့ရန်လိုငွေမှာ မြန်မာကျပ်ငွေ သန်းပေါင်း ၄၆ဝ၈ဝဝ ၊ အမေရိကန်ဒေါ်လာ ၃၈၄ သန်း ဖြစ်မည် ဖြစ်ပါသည်။ ထိုကုန်ကျငွေဖြင့် မှတ်ပုံတင်ထားသော မသန်စွမ်း တစ်ဦးတစ်ယောက်စီရရှိမည့် ငွေကြေးမှာ မြန်မာနိုင်ငံ၏ အနိမ့်ဆုံးလစာ သတ်မှတ်ချက်တောင် မပြည့်မှီ သကဲ့သို့ နေ့စဉ် ပုံမှန် စားသောက်စားရိတ် အတွက်လည်း လောက်ငှမည် မဟုတ်ပါ။
– ထိုသို့သော အခြေအနေတွင် မသန်စွမ်းသူများ အလုပ်အကိုင် တန်းတူရရှိနိုင်စေရန် ပြင်ဆင်ပေးခြင်းမရှိဘဲ မသန်စွမ်းသူများကို ငွေကြေးထောက်ပံ့ပေးသည်မှာ မသန်စွမ်းသူများ အလုပ်လုပ်ကိုင်နိုင်စွမ်းရှိလာစေရန် အားပေးရာ မရောက်သလို မသန်စွမ်းသူများ အများတန်းတူ အလုပ်လုပ်နိုင်ကြောင်း နိုင်ငံတော်မှ အသိအမှတ် မပြုရာရောက်ပါသည်။
– ထိုသို့အခြေအနေတွင် မသန်စွမ်းသူများအား တူညီသော နိုင်ငံသားအခွင့်အရေးများ ရရှိစေရန် ဖော်ဆောင် ပေးထားခြင်းမရှိဘဲ ငွေကြေးထောက်ပံ့လိုက်ခြင်းမှာ မှတ်ပုံတင်ထားသူ မသန်စွမ်းသူများအား အစွမ်းအစ အရည်အချင်းရှိသည်ဟု နိုင်ငံတော်မှ အသိအမှတ်ပြု သတ်မှတ်ပေးရာ မရောက်ဘဲ အထူးအထောက်အပံ့ခံလူတန်းစား တစ်ရပ်အဖြစ် အသိအမှတ်ပြုရာ ရောက်ပြီး အပြည်ပြည်ဆိုင်ရာ မသန်စွမ်းသူများအခွင့်အရေးဆိုင်ရာ သဘောတူစာချုပ်အရ ဖယ်ရှားပေးရန် တာဝန်ရှိပြီး နိုင်ငံတော်မှ ဖယ်ရှားပေးမည်ဟု အာမခံဂတိပြုထားသော လူမှုအသိုင်းအဝိုင်းအတွင်းရှိ စိတ်သဘောထား အမြင်ပိုင်းဆိုင်ရာ နှင့် အခြားအတားအဆီးများကို ထပ်တိုး ဖန်တီးရာ ရောက်ပါသည်။
သို့ပါသောကြောင့် ယခု နိုင်ငံတော်မှ မသန်စွမ်းမှတ်ပုံတင်ထားသူ မသန်စွမ်းများအားလုံးအား နိုင်ငံတော်မှ အသက်အရွယ် အပိုင်းအခြားလိုက် မွေးစမှ ၆၄နှစ်ထိ လစဉ် ငွေကြေး (၁၆ဝဝဝကျပ်မှ ၃ဝဝဝဝ ကျပ်) ထောက်ပံ့ရန် စီစဉ်ဆောင်ရွက်ခြင်းမှာ နိုင်ငံတော်မှ မသန်စွမ်းသူများ အခွင့်အရေးများအား အသိအမှတ်ပြုလျှက် လုပ်ဆောင်ပေးရန် တာဝန်ရှိသော နိုင်ငံသားတန်းတူညီမျှ အခွင့်အရေး ရရှိစေရန် ကြိုးစားအကောင်အထည်ဖော်ပေးခြင်းဟု အဓိပ္ပါယ် မသက်ရောက်ဘဲ သနားစရာ အစွမ်းအစမဲ့လူသားများအဖြစ် သတ်မှတ်လျှက် ကုသိုလ်ဖြစ်လှူဒါန်းရန် ကြိုးစားအားထုတ်မှု တစ်ရပ်သာ ဖြစ်ပြီး လက်ရှိစီးပွားရေး အခြေအနေအရ မသန်စွမ်းသူများအား လူမှုအသိုင်းအဝိုင်းအတွင်း နိုင်ငံတော်၏ ဝန်ထုတ်ဝန်ပိုးအဖြစ်လည်းကောင်း၊ နိုင်ငံတော်၏ ကုန်ထုတ်စွမ်းအား တိုးတက်စေရန် မပါဝင်နိုင်သော လူတန်းစားတစ်ရပ်ဖြစ်သည်ဟူ၍ လည်းကောင်း သန်စွမ်းသူ နိုင်ငံသားများအတွင်း စိတ်ပိုင်းဆိုင်ရာ အတားအဆီးများ ဖန်းတီးပေးရာ ရောက်ကြောင်း ထောက်ပြလိုက်ပါတယ်။
(Zawgyi) မသန္စြမ္းမႈ၊ မသန္စြမ္းသူႏွင့္ ေထာက္ပံမႈစံနစ္
လူတစ္ေယာက္ရဲ႕ ေမြးရာပါ လူ႕ဂုဏ္သိကၡာ ဘယ္လိုအခ်ိန္မ်ိဳးမွာ ဆံုးရံႈးတယ္ ေျပာမလဲ။ လူ႕ဂုဏ္သိကၡာ ျပည့္ဝစြာျဖင့္ အသက္ရွင္ခြင့္ မရဘူးလို႕ ဘယ္လိုအေျခအေနမွာ သိလဲ။ ကို႕ကိုယ္ကို လူ႕ဂုဏ္သိကၡာ မျပည့္ဝဘူးလို႕ျဖစ္ေစတဲ့အေၾကာင္းအရာဟာဘာလဲ။
အဲ့ဒီေမးခြန္းေတြ ေျဖမယ္ဆိုရင္ လူအေယာက္စီတိိုင္းမွာ အေျဖမ်ိဳးစံု ရွိၾကမယ္ ထင္ပါတယ္။ ဒါေပမဲ့ တန္းတူညီတူ ဆက္ဆံမခံရျခင္း၊ သာတူညီမွ် အခြင့္အေရး မရရွိျခင္း ဆိုတာကေတာ့ လူတိုင္း နည္းပါး မခံစားႏိုင္တဲ့ ကိုယ့္ေမြးရာပါ ဂုဏ္သိကၡာကို ထိခိုက္ေစတဲ့ အႀကီးမားဆံုးအခ်က္လို႕ဆိုရင္ မွားမယ္ မထင္ပါဘူး။ ဘယ္လူမ်ိဳး ဘယ္အုပ္စုမွ ကိုယ့္ကို ႏွိမ့္ခ်ဆက္ဆံတာကို ေရရွည္ မခံႏိုင္ပါဘူး။ လက္နက္ဆြဲကိုင္ ဆန္႕က်င္ၾကရတဲ့ အဓိက အေၾကာင္းရင္းဟာလဲ ခြဲျခားနိမ့္ခ် ဆက္ဆံမႈ (ဝါ) မတရားမႈေၾကာင့္ ျဖစ္ရတယ္ ဆိုတာ လက္ေတြ႕ ျဖစ္စဥ္ေတြအရ ျမင္ေတြ႕ေနရပါတယ္။ ယခု ၂၁ ရာစု ပင္လံု ၿငိမ္းခ်မ္းေရး ညီလာခံ ဟာလဲ အဲ့လို မညီမွ်မႈေတြေၾကာင့္ ေသြးကဲြ သင္းကြဲ ေနၾကတာေတြကို ျပန္လည္စုစီးဖို႕ ဘယ္လိုညီမွ်မႈေတြ ေဖာ္ေဆာင္မလဲဆိုတာ စဥ္းစားတဲ့ ညွိႏိႈင္းေဆြးေႏြးပြဲ တစ္ခုလို႕ ေျပာရင္ မွားမယ္ မထင္ပါ။
ဒီလိုအေျခအေနမ်ိဳးမွာ အစိုးရရဲ႕ မူဝါဒတစ္ရပ္ရပ္ (သို႕) အစီအစဥ္တစ္ခုခုဟာ တန္းတူညီမွ်မႈကို မျဖစ္ေစပဲ လူမ်ိဳးတစ္မ်ိဳးမ်ိဳး၊ အုပ္စုတစ္စုစုကို ႏွိမ့္ခ်ခြဲျခားမႈမ်ိဳး မျဖစ္ေစဖို႕ အလြန္အေရးႀကီးပါတယ္။ မသန္စြမ္းသူမ်ားကို ႏိုင္ငံေတာ္မွ လစဥ္ေထာက္ပံ့စားရိတ္ေပးသြားမည္ ဆိုတဲ့ သတင္းထြက္ေပၚလာခ်ိန္မွာ မသန္စြမ္းမဟုတ္သူ လူတိုင္းနည္းပါး မေက်နပ္စရာ မရွိဘဲ လက္ခံႀကိဳဆိုမွာ ျဖစ္သလို မသန္စြမ္းသူ အမ်ားစုဟာလဲ ေက်နပ္ဝမ္းသာ ေနၾကမွာ ေသခ်ာပါတယ္။ ေယဘူယအားျဖင့္လဲ လူမႈလိုအပ္မႈကို ႏိုင္ငံေတာ္က ျဖည့္စည္းေပးတယ္လို႕ ျမင္ႏိုင္စရာ ရွိၿပီး လူ႕အခြင့္အေရး ထိန္းသိမ္းေစာင့္ေရွာက္မႈ တစ္ရပ္အျဖစ္ ေတြ႕ျမင္ႏိုင္စရာ ရွိပါတယ္။ ဒီေနရာမွာ အေရးႀကီးသြားတာက မသန္စြမ္းသူနဲ႕ မသန္စြမ္းမႈဆိုတာကို ႏိုင္ငံေတာ္ အဆင့္ဘယ္လို သတ္မွတ္ နားလည္ၾကမွာလဲ။ ႏိုင္ငံေတာ္ရဲ႕ မသန္စြမ္းသူေတြအေပၚ အခုလို႕ ေထာက္ပ့ံမႈေပးျခင္းအရာက မသန္စြမ္းသူေတြရဲ႕ ေမြးရာပါ လူ႕ဂုဏ္သိကၡာကို ထိန္းသိမ္းေပးေသာ အရာျဖစ္ေစသလား (သို႕) တန္းတူညီမွ်မႈကို ေဖာ္ေဆာင္ေပးသလား (သို႕) မသန္စြမ္းမႈ ရွိေနသူတိုင္းကို အေထာက္ပံ့ခံလူတန္းစား တစ္ရပ္အျဖစ္ ပံုေဖာ္သတ္မွတ္ ေပးလိုက္တာလားဆိိုတာ ေသခ်ာ စဥ္းစား ရႈျမင္ဖို႕ လိုအပ္ပါသည္။ ထပ္ဆင့္ သတိျပဳရမွာ ေထာက္ပံ့မႈ လိုအပ္သူဆိုတဲ့ အဓိပၸါယ္ ဖြင့္ဆိုခ်က္ ျဖစ္ပါတယ္။
မသန္စြမ္းသူနဲ႕ မသန္စြမ္းမႈကို သတ္မွတ္တာကေတာ့ ျမန္မာႏိုင္ငံေတာ္မွ လက္မွတ္ေရးထိုးအတည္ျပဳထားတဲ့ ကုလသမဂ အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ား အခြင့္အေရးဆိုင္ရာ သေဘာတူစာခ်ဳပ္ လိုအပ္ခ်က္အရ ထြက္ေပၚျပဌာန္းထားတဲ့ ျမန္မာႏိုင္ငံ မသန္စြမ္းသူမ်ား ကာကြယ္ေစာင့္ေရွာက္ေရးဥပေဒ အရေသာ္ လည္းေကာင္း တူညီစြာ အတည္ျပဳ သတ္မွတ္ထားၿပီး ျဖစ္ပါတယ္။
အခန္း (၁)(က) မသန္စြမ္းသူ ဆိုသည္မွာ ေမြးရာပါ ဟုတ္သည္ျဖစ္ေစ၊ မဟုတ္သည္ျဖစ္ေစ ကိုယ္ကာယ၊ အျမင္၊ အေျပာ၊ အၾကား၊ အသိဉာဏ္၊ စိတ္ပိုင္း၊ ဉာဏ္ရည္ ဉာဏ္ေသြးပိုင္း အာရံုခံစားမႈ ပိ္ုင္းဆိုင္ရာတစ္ခု သို႕မဟုတ္ တစ္ခုထက္ပို၍ ခ်ိဳ႕ယြင္းအားနည္းခ်က္မ်ားကို ေရရွည္ ခံစားေနရသူကို ဆိုသည္။
အခန္း (၂)(ခ) မသန္စြမ္းမႈဆိုသည္မွာ ပတ္ဝန္းက်င္႐ုပ္ပိ္ုင္းဆိုင္ရာ၊ စိတ္သေဘာထား အျမင္ပိုင္းဆိုင္ရာႏွင့္ အျခားအတားအဆီးမ်ားေၾကာင့္ လူ႕အဖြဲ႕အစည္းအတြင္း အျပည့္အဝ ပါဝင္လႈပ္ရွားႏိုင္မႈ မရွိျခငး္ကို ဆိုသည္။
အဆိုပါ အဓိပၸါယ္ဖြင့္ဆိုခ်က္အရ မသန္စြမ္းမႈရွိျခင္းဆိုသည္မွာ လူ႕အဖြဲ႕အစည္းအတြင္း အျပည့္အဝပါဝင္လႈပ္ရွားႏိုင္မႈ မရွိျခင္းကို ဆိုလိုျခင္းျဖစ္သည္။
လူမႈအသိုင္းအဝိုင္းအတြင္းရွိ အတားအဆီး အဟန္႕အတား + ခႏာကိုယ္ခ်ိဳ႕ယြင္းအားနည္းမႈ = မသန္စြမ္းမႈ (အျပည့္အဝ ပါဝင္လႈပ္ရွားမႈ မရွိျခင္း)
အထက္ပါ အဓိပၸါယ္ဖြင့္ဆိုခ်က္အရ မသန္စြမ္းသူမ်ားရဲ႕ အခြင့္အေရထိန္းသိမ္းေစာင့္ေရွာက္ျခင္း(သို႕)မသန္စြမ္းသူမ်ားရဲ႕ လူ႕ဂုဏ္သိကၡာ ထိန္းသိမ္းေစာင့္ေရွာက္ျခင္းဆိုသည္မွာ မသန္စြမ္းသူမ်ား ႏိုင္ငံအတြင္း သန္စြမ္းသူႏိုင္ငံသားမ်ားႏွင့္တန္းတူ အျပည့္အဝ လႈပ္ရွားႏိုင္မႈရွိေစရန္ ႏိုင္ငံအတြင္းရွိ ပတ္ဝန္းက်င္႐ုပ္ပိုင္းဆိုင္ရာ၊ စိတ္သေဘာထားအျမင္ပိ္ုင္းဆိုင္ရာႏွင့္ အျခားအတားအဆီးမ်ားကို ႏိုင္ငံေတာ္မွ တက္ႏိုင္သေလာက္ နည္းေစရန္ႏွင့္ လံုးဝမရွိေတာ့ေစရန္ ဖယ္ရွားေပးျခင္း ျဖစ္ပါတယ္။
ထို႕အတူ ေထာက္ပံ့ေပးရန္လိုအပ္ေသာသူမ်ားကို နားလည္ႏိုင္ေစရန္မွာ ျမန္မာႏိုင္ငံမွ သေဘာတူထားေသာ အျပည္ျပည္ဆိုင္ရာ လူ႕အခြင့္အေရး ေၾကျငာစာတမ္းအရ သိရွိနားလည္ႏိုင္ပါသည္။
အပိုဒ္ (၂၅)(၁) လူတိုင္းတြင္ မိမိႏွင့္တကြ မိမိ၏မိသားစု က်န္းမာေရးႏွင့္တကြ ကိုယ္စိတ္ႏွစ္ျဖာ ေအးခ်မ္းစြာ ေနထိုင္ႏိုင္ေရးအတြက္ အစာအဟာရ၊ အဝတ္အထည္ေနအိမ္၊ ေဆးဝါးအကူအညီႏွင့္ လိုအပ္သည့္ လူမႈ အေထာက္အပံ့မ်ား ပါဝင္ေသာ သင့္ေတာ္ေလွ်ာက္ပတ္သည့္ လူမႈအဆင့္အတန္းကို ရယူခံစားခြင့္ရွိသည္။ ထို႕ျပင္ အလုပ္လက္မဲ့ျဖစ္ေသာ အခါတြင္ေသာ္လည္းေကာင္း၊ ကိုယ္အဂၤါ မစြမ္းမသန္ျဖစ္ေသာအခါတြင္ ေသာ္လည္းေကာင္း၊ မုဆိုးမျဖစ္ေသာအခါတြင္ ေသာ္လညး္ေကာင္း၊ အသက္အရြယ္အိုမင္းေသာ အခါတြင္ ေသာ္လည္းေကာင္း၊ မိမိကိုယ္တိုင္က မတတ္ႏိုင္ေသာ အေၾကာင္းေၾကာင့္ ဝမ္းစာ ရွာမွီးႏိုင္ေသာ နည္းလမ္းမရွိေသာအခါတြင္ ေသာ္လည္းေကာင္း၊ ေနထိုင္စားေသာက္ေရးအတြက္ လံုျခံဳစိတ္ခ်ရမႈ အခြင့္အေရးရွိသည္။
အပိုဒ္ ၂၅ (၂) သားသည္ မိခင္မ်ားႏွ်င့္ ကေလးမ်ားသည္ အထူးေစာင့္ေရွာက္ျခင္းႏွင့္ အကူအညီေပးျခင္းကို ရခြင့္ရွိသည္။ ဥပေဒအရ ထိမ္းျမားျခင္းျဖင့္ျဖစ္ေစ အျခားနည္းျဖင့္ျဖစ္ေစ ေမြးဖြားေသာ ကေလးအားလံုးသည္ တူညီေသာ လူမႈ ကာကြယ္ေစာင့္ေရွာက္ေရးကို ရယူခံစားၾကရမည္။
အဆိုပါ လူ႕အခြင့္အေရး ေၾကျငာစာတမ္းအရ မသန္စြမ္းသူမ်ား (မစြမ္းမသန္ျဖစ္ၿပီး) ကိုယ္တိုင္ဝမ္းစာ ရွာမွီးႏိုင္ေသာ နည္းလမ္းမရွိေသာအခါ ေနထိုင္စားေသာက္ေရးအတြက္ လံုျခံဳစိတ္ခ်ရမႈ အခြင့္အေရးရွိရမည္ျဖစ္သလို မသန္စြမ္းမွ မဟုတ္ ကေလးအားလံုး တူညီေသာ လူမႈကာကြယ္ေစာင့္ေရွာက္ေရးကို ခံစားႏိုင္ေစရန္ ႏိုင္ငံေတာ္မွ ေဆာင္ရြက္ေပးရမည္ ျဖစ္သည္။ ဆိုလိုသည္မွာ မသန္စြမ္းကေလးမွ မဟုတ္ ျမန္မာႏိုင္ငံသား ကေလးမ်ားအားလံုး တူညီေသာလူမႈကာကြယ္ေစာင့္ေရွာက္ေရး ျပဳလုပ္ေပးရန္ ျဖစ္သည္။ ထို႕အတူ အလုပ္အကိုင္လုပ္ကိုင္ႏိုင္ေသာ အရြယ္ မသန္စြမ္းသူမ်ားကိုလည္း တန္းတူ အလုပ္အကိုင္ အခြင့္အလမ္းမ်ား ေဖာ္ေဆာင္ေပးရန္ႏွင့္ လုပ္ကိုင္ခြင့္ရွိေစရန္ ဖန္တီးေပးရန္ ႏိုင္ငံေတာ္တြင္ ဦးစားေပး တာဝန္ရွိသည္မွာ ထင္ရွားပါသည္။ (မစြမ္းမသန္ျဖစ္ၿပီး) မလုပ္ကိုင္ႏိုင္ေတာ့မွသာ ေနထိုင္စားေသာက္ေရးအတြက္ လံု႕ျခံဳစိတ္ခ်ရမႈ အခြင့္အေရး ရရွိေစရန္ ေဖာ္ေဆာင္ေပးရန္ ျဖစ္ပါသည္။
ယခု ႏိုင္ငံေတာ္မွ မသန္စြမ္း မွတ္ပံုတင္ထားသူ မသန္စြမ္းသူမ်ားအားလံုးအား ႏိုင္ငံေတာ္မွ အသက္အရြယ္ အပိုင္းအျခားအလိုက္ (ေမြးစမွ ၆၄ ႏွစ္ထိ) လစဥ္ ေငြေၾကး (၁၆ဝဝဝ က်ပ္မွ ၃ဝဝဝဝ က်ပ္) ေထာက္ပံ့ရန္ စီစဥ္ေဆာင္ရြက္ျခင္းမွာ ကမ႓ာအဆင္းရဲဆံုးစာရင္းဝင္ ႏိုင္ငံတစ္ႏိုင္ငံအေနျဖင့္ ဦးစားေပး လုပ္ေဆာင္သင့္ေသာ ေထာက္ပံ့မႈ စံနစ္တစ္ခု မဟုတ္ေၾကာင္း သံုးသပ္မိပါသည္။
၂ဝ၁၄ ခုႏွစ္ သန္းေခါင္စာရင္း စစ္တမ္းအရ ျမန္မာႏိုင္ငံ လူဦးေရ၏ ၄.၆ %မွာ မသန္စြမ္းသူမ်ားျဖစ္ၿပီး ၂ဝ၁၉ ခုႏွစ္ SPPRG ၏ သံုးသပ္ခ်က္အရ ၈ဝ% ေသာ မသန္စြမ္းသူမ်ားမွာ အလုပ္လက္မဲ့ျဖစ္ၾကၿပီး မသန္စြမ္းသူ ၅ဝ%မွာ ေက်ာင္းမေနဘူးသူမ်ားျဖစ္ၾကပါသည္။
– ထိုသို႕ေသာ အေျခအေနတြင္ ၂.၄ သန္းခန္႕ ရွိေသာ မသန္စြမ္းသူမ်ားကို လစဥ္ေထာက္ပံ့ရန္ေငြေၾကး သန္းေပါင္း ၃၈၄ဝဝ က်ပ္ ခန္႕ ကုန္က်မည္ဟု ခန္႕မွန္းရပါသည္။ တစ္ႏွစ္အတြက္ ေထာက္ပံ့ရန္လိုေငြမွာ ျမန္မာက်ပ္ေငြ သန္းေပါင္း ၄၆ဝ၈ဝဝ ၊ အေမရိကန္ေဒၚလာ ၃၈၄ သန္း ျဖစ္မည္ ျဖစ္ပါသည္။ ထိုကုန္က်ေငြျဖင့္ မွတ္ပံုတင္ထားေသာ မသန္စြမ္း တစ္ဦးတစ္ေယာက္စီရရွိမည့္ ေငြေၾကးမွာ ျမန္မာႏိုင္ငံ၏ အနိမ့္ဆံုးလစာ သတ္မွတ္ခ်က္ေတာင္ မျပည့္မွီ သကဲ့သို႕ ေန႕စဥ္ ပံုမွန္ စားေသာက္စားရိတ္ အတြက္လည္း ေလာက္ငွမည္ မဟုတ္ပါ။
– ထိုသို႕ေသာ အေျခအေနတြင္ မသန္စြမ္းသူမ်ား အလုပ္အကိုင္ တန္းတူရရွိႏိုင္ေစရန္ ျပင္ဆင္ေပးျခင္းမရွိဘဲ မသန္စြမ္းသူမ်ားကို ေငြေၾကးေထာက္ပံ့ေပးသည္မွာ မသန္စြမ္းသူမ်ား အလုပ္လုပ္ကိုင္ႏိုင္စြမ္းရွိလာေစရန္ အားေပးရာ မေရာက္သလို မသန္စြမ္းသူမ်ား အမ်ားတန္းတူ အလုပ္လုပ္ႏိုင္ေၾကာင္း ႏိုင္ငံေတာ္မွ အသိအမွတ္ မျပဳရာေရာက္ပါသည္။
– ထိုသို႕အေျခအေနတြင္ မသန္စြမ္းသူမ်ားအား တူညီေသာ ႏိုင္ငံသားအခြင့္အေရးမ်ား ရရွိေစရန္ ေဖာ္ေဆာင္ ေပးထားျခင္းမရွိဘဲ ေငြေၾကးေထာက္ပံ့လိုက္ျခင္းမွာ မွတ္ပံုတင္ထားသူ မသန္စြမ္းသူမ်ားအား အစြမ္းအစ အရည္အခ်င္းရွိသည္ဟု ႏိုင္ငံေတာ္မွ အသိအမွတ္ျပဳ သတ္မွတ္ေပးရာ မေရာက္ဘဲ အထူးအေထာက္အပံ့ခံလူတန္းစား တစ္ရပ္အျဖစ္ အသိအမွတ္ျပဳရာ ေရာက္ၿပီး အျပည္ျပည္ဆိုင္ရာ မသန္စြမ္းသူမ်ားအခြင့္အေရးဆိုင္ရာ သေဘာတူစာခ်ဳပ္အရ ဖယ္ရွားေပးရန္ တာဝန္ရွိၿပီး ႏိုင္ငံေတာ္မွ ဖယ္ရွားေပးမည္ဟု အာမခံဂတိျပဳထားေသာ လူမႈအသိုင္းအဝိုင္းအတြင္းရွိ စိတ္သေဘာထား အျမင္ပိုင္းဆိုင္ရာ ႏွင့္ အျခားအတားအဆီးမ်ားကို ထပ္တိုး ဖန္တီးရာ ေရာက္ပါသည္။
သို႕ပါေသာေၾကာင့္ ယခု ႏိုင္ငံေတာ္မွ မသန္စြမ္းမွတ္ပံုတင္ထားသူ မသန္စြမ္းမ်ားအားလံုးအား ႏိုင္ငံေတာ္မွ အသက္အရြယ္ အပိုင္းအျခားလိုက္ ေမြးစမွ ၆၄ႏွစ္ထိ လစဥ္ ေငြေၾကး (၁၆ဝဝဝက်ပ္မွ ၃ဝဝဝဝ က်ပ္) ေထာက္ပံ့ရန္ စီစဥ္ေဆာင္ရြက္ျခင္းမွာ ႏိုင္ငံေတာ္မွ မသန္စြမ္းသူမ်ား အခြင့္အေရးမ်ားအား အသိအမွတ္ျပဳလွ်က္ လုပ္ေဆာင္ေပးရန္ တာဝန္ရွိေသာ ႏိုင္ငံသားတန္းတူညီမွ် အခြင့္အေရး ရရွိေစရန္ ႀကိဳးစားအေကာင္အထည္ေဖာ္ေပးျခင္းဟု အဓိပၸါယ္ မသက္ေရာက္ဘဲ သနားစရာ အစြမ္းအစမဲ့လူသားမ်ားအျဖစ္ သတ္မွတ္လွ်က္ ကုသိုလ္ျဖစ္လွဴဒါန္းရန္ ႀကိဳးစားအားထုတ္မႈ တစ္ရပ္သာ ျဖစ္ၿပီး လက္ရွိစီးပြားေရး အေျခအေနအရ မသန္စြမ္းသူမ်ားအား လူမႈအသိုင္းအဝိုင္းအတြင္း ႏိုင္ငံေတာ္၏ ဝန္ထုတ္ဝန္ပိုးအျဖစ္လည္းေကာင္း၊ ႏိုင္ငံေတာ္၏ ကုန္ထုတ္စြမ္းအား တိုးတက္ေစရန္ မပါဝင္ႏိုင္ေသာ လူတန္းစားတစ္ရပ္ျဖစ္သည္ဟူ၍ လည္းေကာင္း သန္စြမ္းသူ ႏိုင္ငံသားမ်ားအတြင္း စိတ္ပိုင္းဆိုင္ရာ အတားအဆီးမ်ား ဖန္းတီးေပးရာ ေရာက္ေၾကာင္း ေထာက္ျပလိုက္ပါတယ္။
Crd @Sai Kyi Soe (PhD Candidate- The University of Sydney)
Reference:https://www.facebook.com/photo.php?fbid=10202174679766123&set=pcb.10202174766368288&type=3&theater